တောမှီရဟန်းရေးသားပြုစုသော ပိဋကတ်တော်နှင့် သုတေသနစာတမ်း

ဝေသာလီမှကုသိနာရုံခရီး ရှရီကာလိုင်းသည် ပရိနိဗ္ဗာဆင်းတုတော်မှ ပြုတ်ထွက်၍ ပြန့်ကျဲနေသော အပိုင်းအစများကို စုဆောင်းပြီး ဆင်းတုတော်ကြီး၌ နေရာမှန်အတိုင်း ပြန်ရောက်အောင်လုံ့လပြုသည်။ နေသားတကျဖြစ်သောအခါ မျက်နှာတော်၊ လက်တော်၊ ခြေတော်တို့ကို အရောင်တင်သည်။ ဆံတော်ကိုအနက်ရောင်ဆိုးသည်။ သူသည်ကျောင်းတော်မှ ကိုယ်တော်ကြီးကိုမူလအတိုင်း ပြန်ဖြစ်အောင် ပြုပြင်လိုက်လေသည်။ ပြီးလျှင်သူသည် လျောင်းတော်မူကျောင်းတော်၏ အတွင်းပိုင်းတံခါးအနီးတွင် လုပ်ငန်းစပြန်သည်။ တံခါး၏ဘေး (၂) ဘက် (၂) နေရာစလုံး၌ တွင်းငယ် (အပေါက်ငယ်) များတွေ့ရသည်။ မင်းတုံးပေါက်များဟု ထင်ရသည်။ မီးလောင်ထားသော တံခါးမကြီး၊ မီးသွေးများ၊ မီးလောင်ထားသည့် အရိုးများနှင့် မီးလောင်ထားသော အခြားအရာဝတ္ထုအမျိုးမျိုးကို တွေ့ရသည်။ ကျောင်းတော်ကြီးသည် မီးလောင်ခြင်းခံခဲ့ရသည်မှာ သေချာလှ၏။ ရှရီကာလိုင်းသည် သူ၏လုံ့လဖြင့် ကျောင်းတော်၏အမိုးကိုပြန်လည်မွမ်းမံပြင်ဆင်သည်။ ဆင်းတုတော်ကို လေးဘက်လေးတန်မှ သံတိုင်စိုက်၍ ကာကွယ်ထားလိုက်သည်။ တံခါးပေါက်များကိုလည်း သံစကာဖြင့် တပ်ဆင်သည်။ … Continue reading တောမှီရဟန်းရေးသားပြုစုသော ပိဋကတ်တော်နှင့် သုတေသနစာတမ်း